Christmas ပွဲ၏သမိုင်း

ခရစ်ယာန်ဘာသာရေးလောကတွင်နှစ်စဉ်အလေးအမြတ်ထားကျင်းပနေကြသောဒီဇင်ဘာလ၂၅ရက်ယေရှုမွေးနေ့သည်နေနတ်ဘုရားကိုကိုးကွယ်နေကြသောသာသနာပလူများထံမှရရှိသောအမွေဖြစ်သည်ကို ခရစ်ယာန်အများစုကမသိရှိကြသေးပေ။

၎င်းပွဲနေ့ထူးကို

၁။ ယေရှု၏မိန့်မှာချက်ရှိပါသလား။မရှိပါ။

ခရစ်တောယေရှုမွေးဖွားလာခြင်းသည်သမိုင်းအရသော်လည်းကောင်းသမာကျမ်းစာအရသော်လည်းကောင်းမှန်ကန်ပါသည်။လူသားအားလုံးအပြစ်ထဲမှကယ်ချွတ်ရန်လူ့ဇာတိခံယူလာခဲ့သည်မှာအမှန်တကယ်ပင်ဖြစ်သည်။ယေရှုကိုယ်တိုင်သော်၎င်းသူ့တမန်တော်များသော်၎င်းယေရှုမွေးနေ့ကိုကျင်းပခဲ့ခြင်းမရှိကြပေ။သမ္မာကျမ်းစာသည်စုံလင်သောတရားဖြစ်ပါသည်(ယာကုပ်၁း၂၅)၊ထပ်မဖြည့်ရနှုတ်မပယ်ရမည်အကြောင်းအထူးသတိပြုရမည်။ဒီပွဲကိုဘာသာရေးပွဲနေ့အဖြစ်ပြုလုပ်နေခြင်းသည် စုံလင်သောသမ္မာကျမ်းစာကိုထပ်ဖြည့်နေခြင်းဖြစ်ပါသည်။ 

၂။ နေကိုးကွယ်သည့်ဘာသာစတင်လာခြင်း။
ကမ္ဘာဦးကျမ်း ၁၀း၁ -၁၂ ကိုဖတ်သောအခါ ” နိမ်ရောဒ” Nimrod အကြောင်းတွေ့ရပေါမည်။ ထိုနိမ်ရောဒသည်အားကြီးသောဘုရင်ဖြစ်ခဲ့ပြီးဗာဗဲာလ်။ဧရက်မြို့၊အက္ကဒ်မြို့၊ကာလာနေမြို့၊နေနဝေမြို့၊ရဟောဘုတ်မြို့၊ဂါလမြို့၊ရေသင်မြို့စသည့်မြို့များကိုတည်ထောင်ခဲ့သူဖြစ်သည်။ထိုနိမ်ရောဒကိုတိုင်းသူပြည်သားများကဘုရားတဆူကဲ့သို့ကိုးကွယ်နေခဲ့ကြပါသည်။သူသေဆုံးသွားပြီးနောက်လည်းနေမင်းကြီးထဲ၌ရှိနေပြီးသူ့ပြည်သူများကိုဆက်အုပ်ချုပ်စောင့်ရှောက်မည်ဖြစ်ကြောင်းသူမသေခင်မှာခဲ့သည်။ နိမ်ရောဒ၏မိဖုရားမှာSemiramဖြစ်ပြီးနိမ်ရောဒသေဆုံးပြီးနောက်ပိုင်းတွင်လင်မပေါ်ပဲကိုယ်ဝန်လွယ်ခဲ့သည်။၎င်းအားတိုင်းပြည်သားများသိမြင်ပြောဆိုဝေဖန်လာသောအခါနိမ်ရောဒပြောခဲ့သောစကားမှန်ကန်ကြောင်းနေလုံးကြီးထဲတွင်ရှိနေသောနိမ်ရောဒနဲ့၎င်းကိုယ်ဝန်ကိုရရှိနေခြင်းဖြစ်ကြောင်းပြောခဲ့သည်။မယုံလျှင်စမ်းသပ်နိုင်ကြောင်းနဲ့ညအခါသူတို့အိမ်ရှေ့တွင်လင်ပန်းများကိုထားစေပြီးနိမ်ရောဒကဆင်းလာ၍လက်ဆောင်များလာထားပေးမည်ဖြစ်ကြောင်းပြောခဲ့သည်။တိုင်းသူပြည်သားများသည်ညအိပ်ချိန်တွင်အိမ်ရှေ့၌လင်ပန်းများကိုချထားကြပြီးအိပ်နေစဉ်Semiramသည်သူတို့ချထားသောလင်ပန်းတို့၌ရွှေငွေအစရှိသောလက်ဆောင်များကိုလူတို့ကိုသိပ်တဆိတ်စေလွှတ်ပြီးထည့်ပေးခဲ့သည်။မနက်မိုးလင်းသောအခါသူတို့ချထားသောလင်ပန်းများ၌ရွှေငွေအစရှိသောလက်ဆောင်များရှိကြောင်းကိုတွေ့နေသောပြည်သူများသည်နိမ်ရောဒသည်အမှန်ပင်နေလုံးကြီးထဲတွင်ရှိနေကြောင်းယခုSemiramရသောကိုယ်ဝန်သည်လည်းနိမ်ရောဒ၏သွေးသားဖြစ်ကြောင်းယုံကြည်လာကြသည်။ထိုအဖေမပေါ်ကလေး မွေးလာသောအခါ ယောက်ျားလေးဖြစ်ပြီး နာမည်ကို Tammuz “တမ္မုဇ” ဟုပေးကြသည်။ ထိုသူ၏မွေးနေမှာ ဒီဇင်ဘာလ၂၅ရက်ဖြစ်ပါသည်။သူသည်ကောင်းမွန်စွာတိုင်ပြည်ကိုအုပ်ချုပ်ပြီးတိုင်းသူပြည်သားများ၏ချစ်ခင်လေးစားမှုကိုရရှိခဲ့သည်။သူသေဆုံးသွားသောအခါမိန်းမများသည် ဝမ်းနည်းငိုကြွေးကြပြီး အိမ်မှုကိစ္စများကိုပင် မေ့နေကြသည်။ ထို့ကြောင့်လင်ယောက်ျားများက သူတို့ကိုနှစ်သိမ့်စေဖို့ရန် တမ္မုဇမွေးနေ့ပွဲကိုပြုလုပ်ပေးခဲကြပါသည်။ (ယေဇကျေလ ၈း၁၃-၁၆)

ထိုပွဲနေ့၌ 
၁။ ဆန်းသစ်သောအဝတ်အစားများဝတ်ဆင်ခြင်း
၂။ စားဖွယ်အမျိုးမျိုးကိုအတူတကွစားသောက်ခြင်း
၃။ ပျော်ရွှင် ရယ်မောစရာအမျိုးမျိုးပြုလုပ်ခြင်း
၎။ တမ္မုဇရုပ်ထုကြီးအပေါ်၌ရွှေငွေများကိုချထားခြင်း
၅။ကလေးငယ်များအားညအခါအိပ်ပျော်နေစဉ်လက်ဆောင်များကိုမိဘများကထည့်ထားပေးပြီးနေနတ်သားလာပေးသောလက်ဆောင်ဖြစ်ကြောင်းကလေးပျော်အောင်လုပ်ဆောင်ပေးခြင်း။
၆။တူရိယအမျိုးမျိုးတီးပြီးပျောရွှင်ဖွယ်သီချင်းအမျိုးမျိုးကိုသီဆိုခြင်းများတို့ကိုပြုလုပ်ခဲ့ကြပါသည်။နေဗုခဒ်နေဇာရှင်ဘုရင်ဖြစ်လာသောဘီစီ၆၀၆မှာဗာဗဲာလ်ကိုဗာဗုလုန်ဟူ၍အမည်ပြောင်းပေးခဲ့သည်။ နေဘုရားကိုကိုးကွယ်သည့်ဝါဒကိုလည်း အင်ပါရာ ထဲတွင်ထွင်းကားစေခဲ့သည်။ ဗာဗုလုန် နောက်မေဒိပေရသိဘီစီ၅၃၉။ထို့နောက်ဂရိအင်ပါရာဘီစီ၃၃၃။ထို့နောက်ရောမအင်ပါရာ၁၃၂ဘီစီ။အသင်းတော်တည်ထောင်လာပြီးညင်းပန်းနှမ့်စက်မှုအမျိုးမျိုးခံရပြီးနောက်အေဒီ၃၁၂တွင်ကွန်စတန်တိုင်းConstantineဘုရင်ကခရစ်ယာန်ဖြစ်လာပြီးရောမအင်ပါရာတခုလုံးတွင်ခရစ်ယာန်ဘာကိုနိုင်ငံတောဘာသာအဖြစ်ပြောင်းလဲပေးခဲ့သည်။

** စတင်လာသူ**
ရောမအင်ပါယာတခွင်ဒီဇင်ဘာလရောက်တိုင်းလောကီပွဲများကျင်းပနေခြင်းကြောင့် Constantinopleမြို့တွင်ဂိုဏ်းချုပ်ဖြစ်သောSt.Chrysostomဆိုသူကခရစ်ယာန်များယေရှုမွေးနေ့ကိုကျင်းပနိုင်ရန် အေဒီ ၃၂၅ ခုနှစ်၌စတင်စည်းရုံးခဲ့သည်။ အေဒီ ၃၃၆ ခုနှစ်တွင်ရောမ မြို့၌အတည်ပြုကြပြီးအေဒီ၄၀၀တွင်ရောမအင်ပါယာတဝှမ်း၌ခရစ်စမတ်ပွဲလုပ်ရန်ကြေညာလိုက်သည်။ဒီဇင်ဘာ၂၅ရက်သည်ယေရှုဘုရားမွေးနေ့မဟုတ်ပါ။နေနတ်ဘုရားတမ္မုဇမွေးနေ့တာဖြစ်ပါသည်။ 

မေတ္တာဖြင့်

Kie Hong