ကျွန်တော်တို့မြင်နေကျအရာမဟုတ်ဘူး။
ကွန်မြူနတီဒိုင်း အောင်ပွဲရဲ့ ပျော်ရွှင်မှု၊ အကောင်းမြင်မှု နဲ့ အတူ ပါ၀င်တဲ့ စွမ်းဆောင်ရည် တွေ အပြီး လီဗာပူးလ်အသင်း ဟာ ဩဂုတ်လ ရဲ့ ဇတ်သိမ်းအနီးမှာ ထိပ်ဆုံးအသင်းနှင့် 7 မှတ် ဝေးကွာခဲ့ပြီဖြစ်ပါတယ်။ပွဲသုံးဆယ့်ငါးပွဲ ကစားရန်ကျန်နေသေးသော်လည်း ကံကြမ္မာများ ချက်ခြင်းမပြောင်းလဲပါက ဒီရာသီအောင်မြင်မှုသည် အသင်းနှင့် ဝေးကွာသွားနိုင်သည့် အလားအလာရှိသည်။
တိုက်ခိုက်လိုစိတ်မရှိခြင်း
ဤအသင်းသည် စံချိန်စံညွှန်းများ မြင့်မားစွာ သတ်မှတ်ထားသော်လည်း အဆိုပါ စံချိန်စံညွှန်းများကို မထိန်းသိမ်းထားသည့်အခါ ချို့ယွင်းချက်များ မည်မျှရှိသည်ကို ပိုမိုသိသာထင်ရှားစေသည်။
မျှော်လင့်ထားသည့် အဆင့်များအောက်သို့ ကျဆင်းသွားခြင်းကြောင့် လီဗာပူးလ်သည် လတ်တလော အနာဂတ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တနင်္လာနေ့တွင် ပြသခဲ့သည့် ခြေစွမ်းတွေကြောင့် အဆိုပါ အစောပိုင်း စိုးရိမ်မှုများကို ပိုမိုအသက်ဝင်စေခဲ့သည်။

အိုးလ်ထရက်ဖို့ဒ်တွင် ရှုံးနိမ့်ခြင်းသည် သာမန်ထက်ပို၍ နာကျင်ရပြီး မန်ကျူနီယန်ညီအစ်ကိုများအတွက် ယခုလိုသူတို့၏ခက်ခဲသောအချိန်မျိုးတွင် သူတို့ထံဒူးထောက်အရှုံးပေးရသည့်အခါ ရင်ထဲမှာပို၍နာကျင်စေပါသည်။ လီဗာပူးလ်အသင်းသည် ကျွန်ုပ်တို့မြင်တွေ့နေရပြီး ကျင့်သားရလာခဲ့သည့် တိုက်ပွဲဝင်လိုစိတ်များမရှိခဲ့ဘဲ၊ သာမန်မန်ချက်စတာယူနိုက်တက်အသင်းက နိုင်ပွဲကို ပိုမိုလိုချင်ခဲ့သည်။ ဤမြင်ကွင်းမျိုးက မျိုချရ ခက်တဲ့ဆေးခါးတစ်ခုလိုပါပဲ။
Jurgen Klopp ၏ ရာထူးသက်တမ်းအတွင်း လီဗာပူးလ်အသင်း အမြဲတစေပြသခဲ့သည့် ပြတ်သားသော အရည်အသွေးကို ထည့်သွင်းစဉ်းစားသောအခါ လက်ရှိမြင်တွေ့နေရသည့်အခြေနေသည်အိမ်မက်တစ်ခုလိုဖြစ်နေသည်မှာအမှန်ပင်ဖြစ်သည်။ ယုံကြည်မှုဆိုတာ ခိုင်မာတဲ့ပစ္စည်းတစ်ခုပါ၊ ဒီကစားသမားတွေအနေနဲ့ မနှစ်ကရာသီကလိုပဲ အိုးလ်ထရက်ဖို့ဒ်ကိုသွားပြီး သူတို့ပိုင်ဆိုင်တဲ့နေရာတစ်ခုလို ဒီယူနိုက်တက်အသင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း မယုံကြည်စရာအကြောင်းမရှိပါဘူး။
ဤအချိန်သည် အစွန်းရောက်ပြောင်းလဲမှုများ သို့မဟုတ် ပြန်လည်စတင်ရန်အချိန်မဟုတ်ပါ၊ ကစားသမားတွေအနေနဲ့ ၎င်းတို့သည် ဤဘောလုံးကလပ်အသင်းသမိုင်းတစ်လျှောက် မြင်ဖူးသမျှ အကြီးကျယ်ဆုံးကစားသမားများထဲမှဖြစ်ကြောင်းကိုယ့်ကိုယ်ကိုနူးညံ့သိမ်မွေ့စွာသတိပေးရမည့်အချိန်ဖြစ်ပြီး ၎င်းတို့သည် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်းထိုအချက်ကိုသက်သေပြသရန် လိုအပ်ပါသည်။
အားကစားလောကဖြစ်သည့်အတွက်ဒဏ်ရာရခြင်းဆိုတာရှောင်လွဲမရတဲ့အရာပါ။ဒါပေမယ့်ဤအခခက်ခဲမျိုးကိုအနီရောင်တပ်သားတွေအနေနဲ့ရင်ဆိုင်ဖူးပြီးသားဖြစ်ပါတယ်။ ဘောလုံးမှာ ဆိုးရွားတဲ့ အခိုက်အတန့်တွေရှိတတ်တာအမှန်ပါ။ဒါပေမယ့်အကြီးမားဆုံးစိုးရိမ်စရာ က ထိုခက်ခဲသည့်အခိုက်အတန့်မှပြန်လည်ရုန်းထွက်လိုတဲ့ အရိပ်အယောင် ကင်းမဲ့ခြင်းပါပဲ။ ယူနိုက်တက်အသင်းကိုရှုံးနိမ့်ခြင်းက ဖြစ်သင့်တဲ့အရာပါ။ ဒါပေမယ့်အဲတာတိတ်ဖြစ်သလို မည်မျှပင်ကြိုစားကမူပြန်လည်ပြင်ဆင်လို့မရတော့သည့်အရာြဖစ်ပတယ်။ယခုအချိန်တွင် ကျွန်တော်တို့ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ နောက်လာမည့်အရာဖြစ်ပြီး ထိုအခြေနေကို တုံ့ပြန်မှု လျင်မြန်ပြီး လေးနက်ရန် လိုအပ်သည်။
အရက်နာကျခြင်း၏မိခင်
အကြောင်းပြချက်တွေကိုမင်းစိတ်မ၀င်စားဘူးဖြစ်ကောင်းဖြစ်ပါလိုက်မယ်။ဒါကလက်ခံလို့ရတဲ့အရာပါ။ဒါပေမယ့်ဒီအနီရောင်တပ်သားတွေဟာပွဲတိုင်းမီနစ်တိုင်းအရေးပါတဲ့ ၆၃ ပွဲကစားရတဲ့ရသီတစ်ခုကိုဖြတ်သန်းခဲ့ရလို့ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုတော့သင် ငြင်းပယ်ထားလို့မရပါဘူး။ လီဗာပူးလ်အသင်းသည် လိဂ်ချန်ပီယံဆုအတွက် နှစ် 30 စောင့်ဆိုင်းမှုကို အဆုံးသတ်ခဲ့ပြီး ချီတက်ပွဲအစား ချက်ချင်းနီးပါး နောက်ဆက်တွဲရာသီတစ်ခုဖြင့် ကြိုဆိုခံခဲ့ရပြီး ယင်းလိဒ်ချန်ပီယံဆုကို ထပ်မံအနိုင်ရရှိရန် တောင်းဆိုခံခဲ့ရသည်။ အဆိုပါအောင်မြင်မှုအားလုံးကိုကွင်းပိတ်ကျင်းပခဲ့လို အသင်းပရိသတ်တွေနဲ့ ဘယ်တော့မှ မကျင်းပခွင့်မရခဲ့ပါဘူး။

ထို့နောက်တွင် ၎င်းတို့သည် လီဗာပူးအသင်းတစ်သင်းသမိုင်းတစ်လျှောက် အခမ်းနားဆုံးသော ကမ်ပိန်းတစ်ခုအဖြစ် ရာသီကို ဆက်လျှောက်ခဲ့သော်လည်း ၎င်းတို့အလိုချင်ဆုံးဆုဖလားနှစ်ခုကို ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။
အရင်က ဘယ်အသင်းမှ မသွားဖူးတဲ့ နေရာကို သွားဖို့ ကြိုးစားမှု နဲ့ ကြုံလာရတဲ့ စိန်ခေါ်မှုတွေက နောက်ရာသီအတွက် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်စေနိုင်ပြီး လက်ရှိအခြေနေရဲ့အကြီးမားဆုံးသောစိန်ခေါ်မှုအသစ်ကတော့ နောက်ထပ် ပျက်စီးမှုတွေကို ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။
Liverpool အသင်းသည် ကောင်းမွန်လက်ပတ်လျက်ရှိသောစက်တစ်ခုလိုဖြစ်ပြီး ထိုစက်ကောင်းမွန်စွာလက်ပတ်နေနိုင်ဖို့ ၎င်း၏ရွေ့လျားနေသောအစိတ်အပိုင်းအားလုံး ကောင်းမွန်စွာ တွဲဖက်အလုပ်လုပ်ရန် လိုအပ်ပါသည်။ ဒဏ်ရာအတွက် ရုန်းကန်နေရသော ကစားသမားတစ်ဦး သို့မဟုတ် နှစ်ဦးကြောင့် အရာခပ်သိမ်းကို မြန်မြန်ဆန်ဆန် ပြေင်းလဲစေနိုင်ပါသည်။
တာတိုမဟုတ်ပဲတာရှည်ဖြစ်သည်။
ကျွန်ုပ်တို့သည် အမှတ် 90 နှင့်အထက်သာရမှ လုံလောက်သောကမ္ဘာတစ်ခုနှင့် ကျင့်သားရလာခဲ့ပြီး၊ ထို့ကြောင့် ပရီးမီးယားလိဒ်အဖွင့်ပွဲ ၃ ပွဲ ရလဒ်သည် ကမ္ဘာကုန်သည့်နေ့ရက်များလို ခံစားခဲ့ရသည်။
လီဗာပူးလ်း အသင်းသည်ပြီးခဲ့သည့်ရလဒ်များမှ တုံ့ပြန်မှု လိုအပ်ပြီး ထိုတုံ့ပြန်မှုသည်အမြန်အဆန်ဖြစ်ပေါ်ရန်လိုအပ်သည်။ လွန်ခဲ့တဲ့ ခြောက်နှစ် အတွင်း မှာ ဒီအသင်းထံမှတစ်စုံတစ်ရာ သင်ယူ ခဲ့မယ် ဆိုရင် ဒီ ကစားသမား တွေ ဟာရလဒ်ဆိုးများကိုပြင်ဆင်နိုင်စွမ်းရှိတယ်ဆိုတာပါ။
‘Character’ နှင့် ‘ mentality monsters ‘ ဟူသော စကားတွေဟာ အခြေအနေများ ကောင်းမွန်နေချိန်တွင် အသုံးပြုရန် လွယ်ကူသော်လည်း အသင်းကစားသမားများအနေနဲ့ လက်ရှိအချိန်သည်၎င်းကို သရုပ်ပြရန် အခွင့်အရေးရှိသည့် အချိန်မျိုးဖြစ်သည်။

နောက်ပွဲကဘုန်းမောက်ကိုရင်ဆိုင်ရမဲ့ပွဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအဆင့်မှာ လွယ်ကူတဲ့ပွဲဆိုတာမရှိပေမယ့် ရာသီတစ်ခုလမ်းကြောင်းပေါ်ပြန်တက်ဖို့ ပွဲတစ်ခု ကိုရွေးချယ်ရမယ်ဆိုရင် ဘုန်းမောက်နဲ့ပွဲဟာ မုချရွေးချယ်ရမယ့်ပွဲတစ်ခုပါ။ဒီ ပွဲမှာအနိုင်သုံးမှတ်ကသာ စိတ်ကျေနပ်စေမှာအမှန်ပါ။
