လီဗာပူးလ်အသင်းအရက်နာကျနေတာလာ? ဖြစ်နိုင်ပါတယ်။ အကျပ်အတည်းတစ်ခုနှင့်ကြုံတွေ့နေရတာလာ? အဲ့ဒီလောက်မဆိုးသေးဘူး။

ကျွန်တော်တို့မြင်နေကျအရာမဟုတ်ဘူး။ ကွန်မြူနတီဒိုင်း အောင်ပွဲရဲ့ ပျော်ရွှင်မှု၊ အကောင်းမြင်မှု နဲ့ အတူ ပါ၀င်တဲ့ စွမ်းဆောင်ရည် တွေ အပြီး လီဗာပူးလ်အသင်း ဟာ ဩဂုတ်လ ရဲ့ ဇတ်သိမ်းအနီးမှာ ထိပ်ဆုံးအသင်းနှင့် 7 မှတ် ‌‌ဝေးကွာခဲ့ပြီဖြစ်ပါတယ်‌‌‌‌။ပွဲသုံးဆယ့်ငါးပွဲ ကစားရန်ကျန်နေသေးသော်လည်း ကံကြမ္မာများ ချက်ခြင်းမပြောင်းလဲပါက ဒီရာသီအောင်မြင်မှုသည် အသင်းနှင့် ဝေးကွာသွားနိုင်သည့် အလားအလာရှိသည်။ တိုက်ခိုက်လိုစိတ်မရှိခြင်း ဤအသင်းသည် စံချိန်စံညွှန်းများ မြင့်မားစွာ သတ်မှတ်ထားသော်လည်း  အဆိုပါ စံချိန်စံညွှန်းများကို မထိန်းသိမ်းထားသည့်အခါ ချို့ယွင်းချက်များ မည်မျှရှိသည်ကို ပိုမိုသိသာထင်ရှားစေသည်။ မျှော်လင့်ထားသည့် အဆင့်များအောက်သို့ ကျဆင်းသွားခြင်းကြောင့် လီဗာပူးလ်သည် လတ်တလော အနာဂတ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တနင်္လာနေ့တွင် ပြသခဲ့သည့် ခြေစွမ်းတွေကြောင့် အဆိုပါ အစောပိုင်း စိုးရိမ်မှုများကို ပိုမိုအသက်ဝင်စေခဲ့သည်။ … More လီဗာပူးလ်အသင်းအရက်နာကျနေတာလာ? ဖြစ်နိုင်ပါတယ်။ အကျပ်အတည်းတစ်ခုနှင့်ကြုံတွေ့နေရတာလာ? အဲ့ဒီလောက်မဆိုးသေးဘူး။

“ငါအိပ်မက် မက်နေတာဖြစ်မှာပါ” – ဂျာဂင်ကလော့ပ်

ကျွန်တော်အနည်းငယ်ရှက်စရာကောင်းတဲ့ပုံပြင်တစ်ခုနှင့်စပြောရမှာပေါ့။ဘာကြောင့်လည်းဆိုရင် တစ်ခါတစ်လေဘော့လုံးပြင်ပလူတွေက ဘော့လုံးသမားနှင့်မန်နေဂျာများကို ဘုရားတွေကဲ့သို့ရှုမြင်ကြမှာကိုကျွန်တော်စိုးရိမ်မိတယ်။ခရစ်ယာန်တစ်ဦးအနေနဲ့ဘုရားတစ်ဆူကိုယုံကြည်သလို၊ ထိုဘုရားဟာဘော့လုံးနှင့်လုံးဝမသက်ဆိုင်ဘူးဆိုတာကျွန်တော်အာမခံရဲပါတယ်။တကယ့်အမှန်တရားကလူတိုင်း ကျရှုံးကြတယ်။ထိုအရာကဓမ္မတာတရားပါ။ကျွန်တော်ဟာငယ်ရွယ်တဲ့မန်နေဂျာတစ်ဦးဖြစ်စဉ်က အရမ်းကိုကျရှုံးခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ထိုအထဲတွေထဲကပုံပြင်တစ်ခုကိုပြောရမယ်ဆိုလျှင် – ၂၀၁၁ ခုနှစ်ကိုပြန်သွားရမှာပါ။ထိုအချိန်မှာကျွန်တော့်ရဲ့ဒေါ့မွန်အသင်းက ဘိုင်ယန်နှင့်ကစားရမယ့်အချိန်ပေါ့။ပြည်တွင်းလိဒ်မှာအရမ်းကိုအရေးကြီးတဲ့ပွဲတစ်ခုပေါ့။ဒေါ့မွန်အသင်းအနေနဲ့ မြူးနစ်မှာဘိုင်ယန်ကိုအနိုင်မရခဲ့တာ နှစ်ပေါင်း ၂၀ လောက်ကိုကြာမြင့်ခဲ့ပါပြီ။ထိုဘိုင်ယန်နှင့်ပွဲအတွက် ကျွန်တော်ဇာတ်ကားတွေအများကြီးကြည့်ပြီး ခွန်အားတွေအများကြီးယူခဲ့ပါတယ်။အဲဒီအတွက်ကောင်လေးတွေကိုခွန်အားပေးဖို့လိုအပ်လာလျှင် Rocky Balboa အကြောင်းကျွန်တော့်ခေါင်းထဲအမြဲရောက်လာလေ့ရှိတယ်။ကျွန်တော့်အထင်တော့ ကမ္ဘာပေါ်ရှိအစိုးရကျောင်းတိုင်းမှာ Rocky ၁၊၂၊၃ နှင့် ၄ ဆိုသည့်ဇာတ်ကားများကိုပြပေးသင့်တယ်လို့ယုံကြည်တယ်။အက္ခရာများသင်ပေးသလိုဖြစ်သင့်တယ်။Rocky ဇာတ်ကားတွေကြည့်ပြီးလျှင် ခင်ဗျားအနေနဲ့တောင်ထိပ်ကိုထတက်ချင်စိတ်ပေါ်မလာဘူးဆိုလျှင် ခင်ဗျားမှာလိုအပ်ချက်တစ်ခုခု ရှိနေတာဖြစ်မှာပါ။ ဒီလိုနဲ့ဘိုင်ယန်နှင့်မကစားမီတစ်ညလိုမှာ ကောင်လေးတွေကိုစကားပြောဖို့ဝိုင်းခေါ်လိုက်တယ်။ကောင်လေးတွေနေရာယူထိုင်ကြပါတယ်။ မီးတွေအားလုံးပိတ်ပြီးနောက် ကောင်းလေးတွေကိုလက်ရှိအခြေနေမှန်ကိုပြောပြလိုက်တယ်။”ဒေါ့မွန်အသင်း ဘိုင်ယန်ကိုမြူးနစ်မှာနောက်ဆုံးအနိုင်ယူခဲ့စဉ်က မင်းတို့တွေတော်တော်များများဟာ ကလေးပခက်ထဲမှာပဲရှိနေကြအုံးမှာပါ။” ထို့နောက်ကျွန်တော်ဟာ Rocky IV ကို TV မှာစတင်ပြသလိုက်ပါတယ်။Ivan Drago နှင့်အခန်းပေါ့။ ကျွနတော့်အထင်တော့အရမ်းကောင်းမွန်တဲ့အခန်းဆိုရမှာပေါ့။ Ivan Drago ဟာပြေးစက်ပေါ်မှာအပြေးလေ့ကျင့်နေပြီး သူ့ရဲ့ပညာရှင်များကသူ့ရဲ့အခြေနေကို ကွန်ပျူတာဖန်သားပြင်များကနေ အသေအချာကိုစစ်ဆေးလေ့လာနေကြတယ်။ “ဒါကိုမှတ်မိကြမှာပေါ့ လို့ကောင်းလေးတွေကိုကျွန်တော်မေးလိုက်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ … More “ငါအိပ်မက် မက်နေတာဖြစ်မှာပါ” – ဂျာဂင်ကလော့ပ်

ကလော့ပ်ရဲ့တတိယရာသီ

၂၀၁၅ အောက်တိုဘာလမှယနေ့အထိဂျာဂင်ကလော့ပ်လီဗာပူးလ်မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်လာတဲ့သုံးနှစ်အတွင်းမှာဖလားလက်မဲ့ရာသီတွေကိုအဆုံးသတ်ရလုနီးပါအခြေနေသုံးကြိမ်ရှိခဲ့တယ်။ဒါပေမယ့်လီဗာပူးလ်အသင်းအနေနဲ့ ၂၀၁၂ ခုနှစ်ဆာကင်နီလက်ထက်မှာလိဒ်ဖလားရပြီးနောက်ပိုင်းဖလားမရခဲ့တာ ၆ နှစ်ရှိသွားပါပြီ။ဂျာဂင်ကလော့ပ်အနေဲ့လီဗာပူးလ်အသင်းမန်နေဂျာဖြစ်လာတဲ့နောက်ပိုင်းဗိုလ်လုပွဲသုံးကြိမ်ကစားခဲ့ဖူးပေမယ့်သုံးကြိမ်လုံးရှုံးနိမ့်ခဲ့တဲ့အတွက်ပြိုင်ဘက်ပရိသတ်များအနေနဲ့ရယ်စရာဟာသတစ်ခုဖြစ်နေခဲ့တာတော့အမှန်ပါ။ဒါပေမယ့်ပရိသတ်များအနေနဲ့သတိပြုသင့်တဲ့အရာတစ်ခုရှိပါတယ်။ထိုအရာမှာကလော့ပ်ကိုင်တွယ်ခဲ့အရင်အသင်းနှစ်သင်းဖြစ်တဲ့မိန့်ဇ်နှင့်ဒေါ့မွန်မှာသူရဲ့တတိယရာသီမှတ်တမ်းပါ။ ပြိုင်ဘက်နည်းပြတစ်ချို့ကိုပြန်ကြည့်တဲ့အခါကလော့ပ်ကို ၃-၁ ရှုံးနိမ့်ပြီးမကြာသေးမီကမန်ယူမန်နေဂျာရထူးမှအလုပ်ပြုတ်သွားတဲ့မော်ရင်ဟိုဆိုရင်တတိယရာသီဆိုတဲ့ကျိန်စာဆိုးတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။မော်ရင်ဟိုဟာသူအရင်ကိုင်တွယ်ဖူးတဲ့ရီးရဲလ်မက်ဒရစ်၊ချဲလ်ဆီး၊မန်ယူအသင်းတွေအားလုံးမှာထူးထူးခြားခြားတတိယရသီမှာအလုပ်ဖြုတ်ခံရပါတယ်။သူဟာပထမနှင့်ဒုတိယရာသီတွေမှာဖလားတွေရတတ်ပြီးတတိယရာသီရောက်မှရလဒ်ဆိုးဆိုးရွားရွားကျဆင်းတတ်တဲ့မှတ်တမ်းဆိုးတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့်ကလော့ပ်မှာတော့မော်ရင်ဟိုရဲ့တတိယရာသီကျိန်စာဆိုးဆိုတဲ့မှတ်တမ်းရဲ့ဆန့်ကျင်ဘက်မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ ကလော့ပ်ဟာလီဗာပူးလ်အသင်းနှင့်အတူဖလားရဖို့ရုန်းကန်နေရသေးပေမယ့်သူအရင်ကိုင်တွယ်ဖူးတဲ့မိန့်ဇ်နှင့်ဒေါ့မွန်အသင်းတွေမှာလည်းအသင်းကိုရာသီအပြည့်တာဝန်ယူရတဲ့ပထမနှစ်ရာသီမှာအောင်မြင်မှုမရဖူးတဲ့မှတ်တမ်းကိုထူးခြားစွားပိုင်ဆိုင်ထားပါတယ်။မိန့်ဇ်အသင်းကိုရာသီအပြည့်ကိုင်တွယ်တဲ့ပထမရာသီမှာဘွန်ဒက်စ်လီဂါကိုတန်းတက်ခွင့်ရဖို့ရမှတ်တစ်မှတ်အလိုဖြင့်သီသီလေးလွဲချော်ခဲ့ဖူးတဲ့အပြင်ရာသီအပြည့်ကိုင်တွယ်ခဲ့တဲ့ ၂၀၀၁-၂၀၀၂ နှင့် ၂၀၀၂-၂၀၀၃ ဘော့လုံးရာသီတွေမှာဂိုးကွာခြားချက်ဖြင့်နောက်ထပ်လွဲချော်ခဲ့ပြန်ပါတယ်။ဒါပေမယ့်ရာသီပြည့်ကိုင်တွယ်ခွင့်ရတဲ့တတိယရာသီ ၂၀၀၃-၂၀၀၄ မှာတော့မိန့်ဇ်အသင်းရဲ့သမိုင်းတွင်ဖြစ်ရပ်အဖြစ်ဘွန်ဒက်စ်လီဂါကိုတန်းတက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကလော့ပ်ဟာဒေါ့မွန်အသင်းကို ၉ နှစ်ကြာမှပထမဆုံးလိဒ်ဖလားပြန်ရအောင်မကူညီနိုင်ခင်ပထမနှစ်ရာသီမှာလည်းအောင်မြင်မှုတွေနဲ့သီသီလေးလွဲချော်ခဲ့ပြန်ပါမယ်။ဒေါ့မွန်ကိုမထမဆုံးရာသီအပြည့်ကိုင်တွယ်တဲ့ ၂၀၀၈-၂၀၀၉ ရာသီမှာတော့ယူရိုပါလိဒ်ပြိုင်ပွဲဝင်ကန်ဖို့ရမှတ် ၂ မှတ်ဖြင့်သာကျန်ရစ်ခဲ့ပါတယ်။နောက်တစ်ရာသီဖြစ်တဲ့ဒုတိယရာသီ ၂၀၀၉-၂၀၁၀ မှာတော့မှာတော့ချိန်ပီယံလိဒ်ဝင်ခွင့်ရဖို့ရမှတ် ၂ မှတ်အလိုဖြင့်ကျန်ရစ်ခဲ့ပြန်ပါတယ်။နောက်တတိယရာသီမှာမျှော်မှန်းထားတာတွေထက်ထူးခြားစွာပဲဒေါ့မွန်အသင်းကိုအမှတ်ပေးဖလားရအောင်ကူညီပေးနိုင်ခဲ့ပါတယ်။ ယခုလီဗာပူးလ်အသင်းမှာမန်နေဂျာအဖြစ်ရာသီအပြည့်ထမ်းဆောင်ခွင့်ရတဲ့တတိယရာသီကိုရောက်လို့လာပါပြီ။လက်ရှိအခြေနေမှာကလော့ပ်သူအရင်ကိုင်တွယ်ခဲ့တဲ့အသင်းတွေရဲ့တတိယရာသီမှတ်တမ်းကောင်းတစ်ခုကိုယူဆောင်လာနိုင်ဖို့အခြေနေတွေကောင်းနေပါတယ်။မိန့်ဇ်အသင်းကနည်းပြကလော့ပ်အပြည့်အဝကိုင်တွယ်ခဲ့တဲ့တတိယရာသီမှာတန်းတက်ဖို့အိပ်မက်မက်နေခဲ့ကြတယ်။ဒေါ့မွန်အသင်းကတော့ကလော့ပ်ရဲ့တတိယရာသီမှာအမှတ်ပေးဖလားချန်ပီယံဖြစ်ဖို့မျှော်လင့်ခဲ့ကြတယ်။ယခုလီဗာပူးလ်ပရိသတ်များအနေနဲ့ကလော့်အပြည့်အဝကိုင်တွယ်တဲ့တတိယရာသီမှာအမှတ်ပေးဖလားကိုအရင်ကထက်ပိုပြီးမျှော်လင့်ခွင့်ရလာကြတယ်။လက်ရှိအမှတ်ပေးဖလားကိုလေးမှတ်ဖြတ်ဦးဆောင်ထားတယ်။ဒါပေမယ့်လီဗာပူးလ်အသင်းအနေနဲ့ခြေချော်ဖူးတဲ့သမိုင်းဆိုးတွေလည်းရှိတယ်။ဒါပေမယ့်ပရိသတ်များအနေနဲ့ကလော့ပ်ရဲ့တတိယရာသီနမိတ်ကောင်းတွေဆက်လက်ဖြစ်တည်ဖို့မျှော်လင့်နေကြမှာတော့အမှန်ပါပဲ။ Albert Sihsing

ခရစ်စမတ်ရဲ့ပရီးမီးယားလိဒ်အဆင့် ၁ ဖြစ်ခြင်းနှင့်လီဗာပူးလ်

ပရီးမီးယားလိဒ်ရဲ့ဆယ်စုနှစ်တစ်ခုကိုနောက်ပြန်လှည့်ကြည့်တဲ့အခါ ခရစ်စမတ်ရဲ့နံပါတ် ၁ အသင်းကဖလားနှင့်အတူရာသီပိတ်သိမ်းခဲ့တာရှစ်ရာသီတိတိရှိခဲ့ပါတယ်။ထိုအတောအတွင်းမှာဖလားနှင့်ရာသီမသိမ်းခဲ့တဲ့အသင်းဟာလီဗာပူးလ်အသင်းဖြစ်နေတာတကယ်ကိုစိတ်မကောင်းစရာပါ။ ၂၀၀၈-၂၀၀၉ ခုနှစ်ဂျရတ်နှင့်တောရက်စ်ဦးဆောင်တဲ့ဘင်နီတက်ဇ်ရဲ့လီဗာပူးလ်ဟာခရစ်စမတ်မှာအဆင့် ၁ နေရာတွင်ရပ်တည်နိုင်ခဲ့ပေမယ့်ပရီးမီးယားလိဒ်ရာသီပြီးဆုံးချိန်မှာတော့ချန်ပီယံမန်ယူရဲ့ ၄ မှတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ထိုနှစ်တွင်လီဗာပူးလ်အသင်းဟာရှုံးပွဲနှစ်ပွဲသာကြုံတွေ့ခဲ့ပေမယ့်သရေပွဲများလွန်းနေခဲ့သောကြောင့်ဖလားနှင့်လွဲချော်ခဲ့ရခြင်းဖြစ်သည်။ထိုအသင်းရဲ့သရေပွဲများလွန်းရတဲ့အကြောင်းရင်းကတော့ပွဲထွက်ကစားသမား ၁၁ ဦးအပြင်အရံအင်အားမတောင့်တင်းခြင်းကြောင့်ဖြစ်သည်။ နောက်တစ်ရာသီဖြစ်တဲ့ ၂၀၁၂-၂၀၁၃ ကဂျရတ်နှင့်ဆွာရက်ဇ်တို့ဦးဆောင်တဲ့ဘရန်ဒါန်ရော်ဂျာရဲ့လီဗာပူးလ်အသင်းဟာခရစ်စမတ်ရဲ့ပရီးမီးယားလိဒ်အဆင့် ၁ ဖြစ်ခဲ့ပါတယ်။သို့သော်ဂျရတ်ရဲ့နာမည်ကြီးချော်လဲမှုအပြင်ပဲလေ့စ်အသင်းကို ၃ ဂိုးစီသရေကျအောင်ကစားခဲ့တဲ့ပွဲတွေကြောင့်ပရီးမီးယားလိဒ်ရာသီပြီးဆုံးချိန်မှာချန်ပီယံမန်စီးတီးရဲ့ ၂ မှတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်။ထိုရာသီရဲ့ဖလားနှင့်လွဲချော်ရခြင်းအဓိကအကြောင်းရင်းကိုပြန်လည်သုံးသပ်တဲ့အခါမှာအသင်းရဲ့အရံအင်အားမတောင့်တင်းခြင်းအပြင်တိုက်စစ်က ၃ ဂိုးသွင်းရင် ၃ ဂိုးပြန်ပေးတတ်တဲ့ခံစစ်မျိုးကြောင့်ဖြစ်တာကိုမြင်တွေ့ခဲ့ရပါတယ်။ထိုခုနှစ်ကဖလားလွဲချော်ခဲ့တဲ့လီဗာပူးလ်အသင်းဟာပရီးမီးယားလိဒ်ရဲ့ကြောက်ခမန်းလိလိတိုက်စစ်တွဲဖြစ်တဲ့ ဆွာရက်ဇ်၊စတားရစ်ခ်ျ၊စတာလင်တို့ကိုပိုင်ဆိုင်ခဲ့ပေမယ့်တစရာသီလုံးမှာမှ clean sheets ၁၀ ကြိမ်သာရခဲ့ခြင်းကချန်ပီယံဖြစ်ထိုက်တဲ့ခံစစ်မပိုင်ဆိုင်ခဲ့ကြောင်းကိုပိုမိုသိသာစေပါတယ်။ ယခု ၂၀၁၈-၂၀၁၉ ဘော့လုံးရာသီမှာတော့ ဆာလ၊ဖာမီနို၊မာနေးနှင့်ဗန်ဒိုက်တို့ဦးဆောင်တဲ့ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးလ်အသင်းဟာ ၁၀ နှစ်အတွင်းတတိယအကြိမ်အဖြစ်ခရစ်စမတ်ရဲ့ပရီးမီးယားလိဒ်နံပါတ် ၁ ဖြစ်လာခဲ့ပြန်ပါပြီ။ပရိသတ်တွေရင်ထဲမှာတော့အတိတ်ကဖြစ်ရပ်တွေကြောင့်စိတ်လှုပ်ရှားမှုတွေ၊စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေမှာတော့အမှန်ပါပဲ။ဒါပေမယ့်ဒီဂျာဂင်ကလော့ပ်ရဲ့လီဗာပူးလ်အသင်းဟာအတိတ်ကဘင်နီတက်နှင့်ရောဂျာတို့ရဲ့အသင်းနှင့်လုံးဝမတူညီတဲ့အသင်းဖြစ်ပါတယ်။တစ်ချိန်ကအရံအင်အားမတောင့်တင်းတဲ့အသင်း၊ခံစစ်အားနည်းတဲ့အသင်းဟာယခုချိန်မှတော့ပွဲထွက်လူစာရင်း ၇ နေရာအပြောင်းလဲလုပ်ရင်တောင်နိုင်ပွဲရယူနိုင်တဲ့အသင်းဖြစ်သလို ပရီးမီးယားလိဒ် ၁၈ ပွဲအပြီးမှာ clean sheets ၁၁ ကြိမ်အထိရယူနိုင်တဲ့ခံစစ်မျိုးပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့လက်ရှိအသင်းရဲ့အနေအထား၊ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းပရီးမီးယားလိဒ်ရဲ့ခရစ်စမတ်နံပါတ် ၁ ဖြစ်တဲ့အသင်း ၈ သင်းကရာသီပိတ်သိမ်းချိန်မှာဖလားနှင့်အတူရာသီသိမ်းခဲ့တဲ့မှတ်တမ်းတွေကိုကြည့်ခြင်းအားဖြင့်လီဗာပူးလ်အသင်းရဲ့ဦးတည်ရာပန်းတိုင်ကပရိသတ်တွေကိုအမှန်တကယ်စိတ်လှုပ်ရှားစေတာမြေကြီးလက်ခတ်မလွဲတဲ့အမှန်တရားပါ။သို့သော်ရှည်လျားတဲ့ပရီးမီးယားလိဒ်ခရီးကြောင့်အချိန်မတန်ခင်အပျော်မလွန်ဖို့ပရိသတ်များအနေနဲ့စဉ်ခြင်သင့်ကြောင်းတိုက်တွန်းရင်း…….. Albert … More ခရစ်စမတ်ရဲ့ပရီးမီးယားလိဒ်အဆင့် ၁ ဖြစ်ခြင်းနှင့်လီဗာပူးလ်

အင်္ဂလန်ဘီလူးရဲ့ပြန်လည်နိုးထချိန်

ကျွန်တော်အရင်က “နင်းချေခံကျောက်ဆောင်မဟုတ်တော့သည့်လီဗာပူးလ်” ဆိုပြီးဥရောပထိပ်တန်းကစားသမားတွေလီဗာပူးလ်အသင်းကိုပြောင်းရွှေ့ကစားလာချင်တဲ့အကြောင်းနှင့်ပတ်သက်ပြီး ဂျာဂင်ကလော့ပ်လက်ထက်လီဗာပူးလ်အသင်းရဲ့တိုးတက်မှုကိုရေးခဲ့ဖူးတယ်။အခုလည်းဥရောပရဲ့ဘော့လုံးလောကမှာအကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ချန်ပီယံလိဒ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်အတွက်မဲတွေခွဲပြီးတဲ့အခါမှာတော့ထင်မှတ်ထားတာထက်ပိုပြီးဥရောပရဲ့အသင်းကြီးတွေကလီဗာပူးလ်အသင်းကိုရှောင်လွဲချင်ကြတယ်။ဒီအကြောင်းအရာနှင့်ပတ်သက်ပြီးလီဗာပူးလ်ရဲ့ဂျာဂင်ကလော့ပ်လက်ထက်တိုးတက်လာမှုကိုနောက်ထပ်ပြန်လည်ရေးသားချင်ပါတယ်။ လွန်ခဲ့သည့် ၈ နှစ်ဒီလိုအချိန်မျိုးမှာလီဗာပူးလ်အသင်းဟာချန်ပီယံလိဒ်အုပ်စုကထွက်ခဲ့ရလို့ ယူရိုပါလိဒ် ၃၂ သင်းရှုံးထွက်ကစားဖို့ပြင်ဆင်နေခဲ့တယ်။ရင်ဆိုင်ရမယ့်အသင်းက ယခုချိန်တွင်ငွေရေးကြေးရေးအခက်ခဲကြောင့်အသင်းတောင်မရှိတော့သည့် ရိုးမီးနီးယားပြည်တွင်းကလပ် Urenia ဖြစ်သည်။ထိုအသင်းနှင့်ကန်မည့်အဝေးကွင်းပွဲစဉ်ဆိုလျှင်ဖြစ်ပရိသတ်တွေအနေနဲ့သွားကြည့်ဖို့တောင်စိတ်ဝင်စားစရာမကောင်းသည့်ပွဲပေါ့။ထိုနှစ်မှာတော့ဘင်နီတက်ဇ်ရဲ့လီဗာပူးလ်အသင်းဟာဆီမီးဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့ပြီးစပိန်ပြည်တွင်းအသင်း အက်သလက်သီကိုမက်ဒရစ်ရဲ့ကန်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ထိုနောက်ပိုင်းတွေမှာတော့ဥရောပထိပ်သီးအသင်းတွေတောင်ကြောက်ခဲ့ရတဲ့လီဗာပူးလ်အသင်းဟာချန်ပီယံလိဒ်လိဒ် ၁၆ သင်းရှုံးထွက်အဆင့်၊ယူရိုပါလိဒ် ၃၂ သင်းရှုံးထွက်အဆင့်၊ချန်ပီယံလိဒ်အုပ်စုမှထွက်ရတဲ့အဖြစ်၊ယူရိုပါလိဒ်ဆင်းကန်သော်လည်း Besiktas လိုတူရီကလပ်ရဲ့ချက်ချင်းကန်ထုတ်ခြင်းဆိုတဲ့ဖြစ်ရပ်ဆိုးတွေနှင့်ဆက်တိုက်ရင်ဆိုင်ခဲ့ရတယ်။ဘရန်ဒန်ရော်ဂျာရဲ့ပရီးမီးယားလိဒ်ဖလားစိန်ခေါ်နိုင်ခဲ့တဲ့အသင်းဟာလည်းဥရောပစစ်မြေပြင်မှာတော့မျက်နှာမလှခဲ့ဘူး။ထိုသို့သောဖြစ်ရပ်ဆိုးတွေဟာပဲ့ကိုင်ရှင်ဂျာဂင်ကလော့ပ်ရောက်မလာခင်ချိန်ထိပေါ့။ ၂၀၁၅၊အောက်တိုဘာလမှာဂျာဂင်ကလော့ပ်လီဗာပူးလ်အသင်းလီဗာပူးလ်မန်နေဂျာအဖြစ်ခန့်အပ်ခံခဲ့ရတယ်။ထိုနှစ်မှာပဲလီဗာပူးလ်အသင်းဟာယူရိုပါလိဒ်ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ခဲ့တယ်။ဒါပေမယ့်ဖလားကိုတော့ယူဆောင်လာနိုင်ခြင်းမရှိခဲ့ပါဘူး။ဒီလိုနဲ့ဂျာဂင်ကလော့ပ်ဟာလီဗာပူးလ်အသင်းကိုရာသီအပြည့်ကိုင်တွယ်ခဲ့တဲ့ပထမရာသီမှာပဲချန်ပီယံလိဒ်ဝင်ခွင့်ရအောင်ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးလ်အသင်းဟာချန်ပီယံလိဒ်ကို ၄ နှစ်ကျော်လောက်ကျမှအသစ်တစ်ဖန်ပြန်လည်ကစားခဲ့ရသည့်အတွက်သော်လည်းကောင်း၊အသင်းရဲ့အားနည်းတဲ့ခံစစ်ကြောင့်သော်လည်းကောင်းမည်သူကမှအထင်မကြီးခဲ့ကြပေ။ထို့အပြင်ချန်ပီယံလိဒ်ကိုတိုက်ရိုက်ဝင်ခွင့်ရခြင်းမဟုတ်ပဲ play-off အဆင့်ကန်ပြီးဝင်ရောက်လာခြင်းကြောင့်အထင်ကြီးသူသိပ်မရှိခဲ့ခြင်းပင်ဖြစ်သည်။အမှန်တကယ်စတင်ယှဉ်ပြိုင်ချိန်တွင်လည်းအုပ်စုအစောပိုင်းပွဲစဉ်များတွင်တော်တော်ရုန်းကန်ခဲ့ရသည်။ဆီဗီလားနှင့်ကန်သည့်ပွဲမှာဆိုလျှင်သုံးဂိုးဦးဆောင်နေရာကနေသုံးပြန်ပေးရသည့်အဖြစ်မျိုးရှိခဲ့သလိုမော်စကိုနှင့်ကန်သည့်ပွဲမှာလည်းဂိုးသမားရဲ့အားနည်းမှုကြောင့်သရေသာကစားနိုင်ခဲ့သည့်ဖြစ်ရပ်မျိုးရှိခဲ့သည်။လီဗာပူးလ်အသင်းကိုဥရောပအသင်းတွေအမှန်တကယ်သတိပြုမိလာတဲ့ပွဲကတော့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲအဝေးကွင်းပွဲစဉ်မှာပေါ်တိုကိုအဝေးကွင်းတွင် ၅ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲဖြစ်ပါတယ်။ကွာတားမှာမန်စီးတီးအသင်းကို ၃ ဂိုးပြတ်၊ဆီမီးမှာရိုးမားကို ၅ ဂိုး ၂ ဂိုးဆိုပြီးအနိုင်ယူလိုက်ချိန်မှာတော့လီဗာပူးလ်အသင်းကိုဥရောပအသင်းတွေပြန်လည်သတိထားလာကြတယ်။အဆုံးသတ်မှာတော့လီဗာပူးလ်အသင်းဟာတစ်ချိန်ကဇြာညောင်းခဲ့ဖူးတဲ့ဥရောပစစ်မြေပြင်မှာပြန်လည်ခေါင်းထောင်လာကြောင်းဗုလ်လုပွဲအထိတက်ရောက်ခြင်းဖြင့်သက်သေပြခဲ့ပါတယ်။ ဒီနှစ်မှာတော့လီဗာပူးလ်အသင်းကိုပြီးခဲ့သည့်နှစ်တွေကလိုဘယ်သူကမှအထင်မသေးရဲတော့ဘူး။အုပ်စုကြပ်ထဲကျရောက်ခဲ့သလိုပွဲတစ်ချို့မှာရုန်းကန်ခဲ့ရပေမယ့် ၁၆ သင်းအဆင့်ရှုံးထွက်ကိုရအောင်တက်နိုင်ခဲ့တယ်။ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့လာမည့်ဖေဖော်ဝါရီလမှာယှဉ်ပြိုင်မယ့်ချန်ပီယံလိဒ်ရှုံးထွက်အဆင့်အတွက်မဲခွဲပွဲကျင်းပခဲ့တတယ်။ ၁၆ သင်းအဆင့်က်ုတက်လာကြတဲ့အသင်းတိုင်းဟာအားတဲ့တဲ့အသင်းတစ်သင်းမှမရှိပါဘူး။ဒါပေမယ့်ဒီလိုအသင်းတွေမှာသူတို့ရင်မဆိုင်ချင်တဲ့၊တစ်နည်းအားဖြင့်ကြောက်ရတဲ့အသင်းဆိုတာရှိတယ်။ကလော့ပ်ကိုယ်တိုင်ကတော့ဒေါ့မွန်နှင့်ဂျူဗင်တပ်ကိုရင်မဆိုင်ချင်ဘူးလို့ပွင့်ပွင့်လင်းလင်းဝန်ခံသွားပါတယ်။ဒါပေမယ့်ဒီနေရာမှာအဓိကပြောချင်တာကပြိုင်ဘက်အသင်းတွေရဲ့လီဗာပူးလ်အသင်းပေါ်အမြင်ပါ။နာမည်ကြီးအားကစားရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ bEIN Sports ကဗီဒီတစ်ခုထုတ်လွှင့်ခဲ့ရာထိုဗီဒီယိုထဲမှာစပိန်တွင်တာဝန်ကျသည့်သတင်းထောက်ကစပိန်မှာမည်သူတစ်ဦးတစ်ယောက်ကမှရီးရဲလ်(သို့)ဘာကာနှင့်လီဗာပူးလ်အသင်းကိုရင်မဆိုင်စေချင်ကြဘူးလို့အတိအလင်းပြောသွားပါတယ်။ထို့အပြင်ထိုစပိန်ပြည်တွင်းနာမည်ကြီးကလပ်ကလီဗာပူးလ်အသင်းကိုနောက်တစ်ဆင့်တွင်လည်းတွေ့ဆုံလိုခြင်းမရှိသေးဘူးလို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဘာစီလိုနာနည်းပြ Valverde ကိုယ်တိုင်ကလည်းမနှစ်ကဖိုင်နယ်တက်ခဲ့သည့်လီဗာပူးလ်ကိုရင်မဆိုင်လိုကြောင်းနှင့်နောက်တစ်ဆင့်တွင်လည်းရှောင်လွှချင်ကြောင်းပြောကြားသွားခဲ့သည်။လီဗာပူးလ်အသင်းနှင့်ရင်ဆိုင်ရမည့်ဘိုင်ယန်ပရိသတ်များကလည်းလူမှုကွန်ယက်များပေါ်တွင်အမျိုးမျိုးညည်းတွားခဲ့ကြသည်။ အဆုံးသတ်အနေနဲ့လွန်ခဲ့သည့် ၈ နှစ်ကကိုယ်နာမည်တောင်မဖတ်တတ်သည့်အသင်းနှင့်ယူရိုပါလိဒ်လောက်ကန်ပြီးရုန်းကန်နေသည့်လီဗာပူးလ်အသင်းဟာဂျာဂင်ကလော့ပ်လက်ထက်မှာမည်သည့်ဆုဖလားအောင်မြင်မှုမှမရသေးသော်လည်းတစ်ချိန်ကဥရောပအသင်းကြီးတွေဖိတ်ဖိတ်တုန်ကြောက်ခဲ့ရသည့်လီဗာပူးလ်အသင်းအဖြစ်တဖြည်းဖြည်းပြန်လည်ကူးပြောင်းနေပြီဆိုတာငြင်းလို့မရတဲ့အမှန်တရားဖြစ်ပါတယ်။ပဲ့ကိုင်ရှင်ဂျာဂင်ကလော့ပ်အနေနဲ့အိပ်စက်နေတဲ့အင်္ဂလန်ဘီလူးကိုအမှန်တကယ်နိုးပေးနိုင်မလာဆိုတာကိုတော့………. Albert Sihsing.